Keywords in Kotlin (fun #1)

Aung Ye Htet
1 min readMay 16, 2020

--

Kotlin Syntax မှာ function တစ်ခု ရေးတော့မယ်ဆို fun ဆိုတဲ့ Keywordလေးကို အသုံးပြုရပါတယ်။

fun (Funny) ဆိုတဲ့အဓိပ္ပာယ် အတိုင်း သူ့မှာပါတဲ့ feature လေးတွေက စိတ်ဝင်စားဖို့‌ကောင်းသလို လေ့လာရတာ ပျော်ဖို့လဲကောင်းပါတယ်..

Coffee ဖျော်ပေးမယ် Function‌တစ်ခုရှိမယ်ဆိုပါစို့…

fun makeCoffee(): String{val result = “Coffee”return result}

သူက “Coffee” ဆိုတဲ့ စာသားလေး လုပ်ပေးပါတယ်။

makeCoffee သည် function တစ်ခုဖြစ်တယ် ဆိုတာကြေညာဖို့အတွက် fun ဆိုတဲ့ Keywordကို ရှေ့မှာရေးပေးရတယ်။

functionတစ်ခု ကနေ ပြန်ရလာမဲ့ တန်ဖိုးရဲ့အမျိုးအစား ကို ကြေညာဖို့အတွက် Typeကို Parentheses “()”ရဲ့နောက်မှာ Colon(:) ခံပြီး ရေးပေးရတယ်။ Return Typeလို့ဆိုတယ်။

function ရဲ့ Body ကတော့ Curly Bracket “{}” တစ်ခုလုံးပေါ့။(Function Scope)

ဒါဆို ဒီလိုဖြစ်မယ်…

fun functionName ():Type {.
.}

Function တစ်ခုကို ယူသုံးတဲ့အခါ..

var cup = makeCoffee()
//Coffee

Function Name နောက်မှာ () ကိုထည့်ပြီး ခေါ်သုံးရတယ်။ အဲ့လိုခေါ် သုံးတာကို Function တစ်ခုကို call လုပ်တယ် (သို့) invoke လုပ်တယ်လို့ဆိုသတဲ့။

ဒါဖြင့်.. Coffee ကို အရသာအမျိုးမျိုးနဲ့ ဖျော်သောက်ချင်ရင်ရော?

အဲ့လိုဆို function ထဲမှာ ကိုယ်လိုချင်တဲ့ Coffeeအရသာ အချိုးအစားကို လက်ခံနိုင်ဖို့ရေးထားရ‌‌တော့မှာပေါ့

Kotlinမှာ ဒီလိုလေးတော့ရေးလို့ရတယ်..

fun makeCoffee(caffeineLevel:Int): String {return “Coffee: “ +caffeineLevel
}

Caffeine(ကဖိန်း) အခါးဓာတ် ပမာဏကို ကိုယ်လိုသလို ချိန်ညှိလို့ရပြီလေ….

9 လောက် ခါးတဲ့ Coffee ၁ ခွက်ဖျော်မယ်ဆို…

var cup = makeCoffee(9)
//Coffee: 9

ခပ်ပေါ့ပေါ့လေးပဲဆို

var cup= makeCoffee(1)
//Coffee: 1

အဲ့လို 9တန်ဖိုး 1တန်ဖိုးတွေ functionထဲ ထည့်ပေးတာကို Passing ပေးတယ်လို့ဆိုသတဲ့။ (Argument)

functionရဲ့ Parentheses “(..)” ကြားထဲမှာရှိတဲ့ variableကိုတော့ Parameter လို့ခေါ်သတဲ့။ ခနက function မှာဆို caffeineLevel သည် Parameter‌ ပေါ့။

သူက တန်ဖိုးကို လက်ခံပေးတယ်။ သူ့တန်ဖိုးကို‌‌တော့ functionအတွင်းထဲမှာ ထပ်ပြင်ခွင့်မရှိ‌တော့ဘူး caffeineLevelသည် Final Variable(val)ဖြစ်တယ်။

myWife ဥပမာတုန်းကလိုပေါ့
myWifeသည် “Dua Lipa” ထပ်ပြောင်းလို့မရတော့ဘူး “Taylor Swift” နဲ့ပဲ ကျေနပ်လိုက်ရတယ်။ 😜

အနှစ်ချုပ်အနေနဲ့ -

Kotlin မှာ function တစ်ခုရေးသားဖို့ဆို fun ဆိုတဲ့ Keyword လေးကိုအသုံးပြုရတယ်

Function တစ်ခုမှာ-

နာမည်တစ်ခုရှိတယ် — Function Name လို့ခေါ်တယ်။
သူ့ Parameter ကနေ Value ‌တွေလက်ခံတယ်။
တန်ဖိုးတစ်ခုပြန်ပေးရမယ် — Return Value။
ခေါ်သုံးတဲ့အခါ- invoke (သို့) call မယ်။

အပေါ်မှာ ရှင်းပြခဲ့တဲ့ Kotlin Function ရဲ့ ပုံစံလေးတွေကတော့ အခြေခံအကျဆုံး ဖြစ်ပြီး ပထမပိုင်းအနေနဲ့‌ပါ။

Functionတွေ ရေးသားတဲ့ အခါ လွယ်ကူမြန်ဆန် အောင် Kotlin မှာ ဘာတွေ ထပ်လုပ်လို့ရသေးလဲ.. သူ့မှာရဲ ဘယ်လို Featureတွေထပ်ရှိဦးမလဲ… ဆိုတာတော့ ဒုတိယပိုင်းအ‌နေနဲ့ပေါ့ ဗျာ…

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

Aung Ye Htet
Aung Ye Htet

Written by Aung Ye Htet

Android Developer, Kotlin Enthusiast

Responses (1)

Write a response